မဟာအောင်မြေ မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ကားအတွင်းညပ်နေသည့် အမျိုးသမီးကို မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရ

0
134

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၃၅) လမ်း၊ (၅၆) လမ်းနှင့် (၅၇)လမ်းကြားတွင် ယမန်နေ့ညပိုင်းက ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ကားအတွင်း ညပ်နေသည့်အတွက် မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒီဇင်ဘာ (၂၇)ရက် ည (၉) နာရီ (၁၄)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီး၊ ရဲမွန်တောင် အရန်မီးသတ်စခန်းမှ လူနာတင် ယာဉ်(၁)စီး ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာ ယာဉ်ပေါ်ပါ အမျိုးသမီး(၁)ဦးအား ကားအတွင်းမှ ည (၉)နာရီ (၂၄)မိနစ်အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ရဲမွန်တောင်အရန်မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here