ရုရှားသမ္မတနှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ ကုန်သွယ်ရေးနှင့် ယူကရိန်းအရေးဆွေးနွေးခဲ့ကြ

0
289

မော်စကို၊ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျေးရှန်ကာသည် ဒီဇင်ဘာ ၂၇ ရက်နေ့က မော်စကို၌ ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတပူတင်က အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီအား မော်စကိုသို့ဖိတ်ကြားခဲ့သည်ဟုလည်းသိရသည်။

ရေနံနှင့်နည်းပညာမြင့်မားလာမှုကဏ္ဍများ၏တွန်းအားပေးမှုများကြောင့် ရုရှားနှင့်အိန္ဒိယတို့၏ ကုန်သွယ်မှုပမာဏတိုးမြင့်လာသည်ဟုလည်း သမ္မတပူတင်က ဂျေးရှန်ကာအားပြောကြားခဲ့သည်ဟု တပ်စ် သတင်းဌာနကဖော်ပြထားသည်။

ထို့ပြင် ယူကရိန်းပဋိပက္ခအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမည်ဟုလည်းပူတင်ကပြောကြားခဲ့သည်။ယူကရိန်းအရေးနဲ့ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီ၏ ရပ်တည်ချက်ကိုလည်းသိထားပြီးဖြစ်သကဲ့သို့ ထပ်ခါတလဲလဲလည်း ဆွေးနွေးဖူးသည်ဟုဆိုခဲ့သည်။

“ဒီပဋိပက္ခရဲ့အခြေအနေကို ကျွန်တော် အကြိမ်ကြိမ် အသိပေးပြီးပါပြီ။ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ မစ္စတာမိုဒီရဲ့ဆန္ဒကိုလည်းကျွန်တော်သိပါတယ်၊ ဒါပေမယ့် အခု ကျွန်တော့်အနေနဲ့ နောက်ထပ်ထပ်တိုးပြီးဆွေးနွေးဖို့ အချက်အလက်တွေမစ္စတာမိုဒီကိုပေးမှာပါ” ဟုလည်း ပူတင်ကပြောကြားခဲ့သည်။

မော်စကိုက ယူကရိန်းအား စတင်တိုက်ခိုက်ခဲ့သော်လည်း အိန္ဒိယနှင့်ရုရှားကြားဆက်ဆံရေးသည်ခိုင်မာနေဆဲဖြစ်ပြီး အိန္ဒိယသည် ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုအား ရှုံ့ချခြင်းမရှိသေးဘဲ အဆိုပါအကျပ်အတည်းကို သံတမန်ရေးရာဆွေးနွေးမှုများမှတစ်ဆင့်ဖြေရှင်းရမည်ဟုသာ အခိုင်အမာပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here