နှစ်ကူးအကြိုကာလတွင် ဖရဲ၊ သခွားမွှေး သစ်သီးဈေးကွက်ကောင်းလာနိုင်ဟု ကုန်သည်များခန့်မှန်းထား

0
251

လက်ရှိဈေးကွက်တွင် တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းသွားခြင်းကြောင့် နယ်စပ်၌ မြန်မာ ဖရဲ၊ သခွားမွှေး သစ်သီးဈေးနှုန်းများ ကျဆင်းနေသော်လည်း နှစ်သစ်ကူးချိန်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်များထံက သိရသည်။

သစ်သီးရာသီချိန်တွင် တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွား သစ်သီးများကို နေ့စဉ်တန်ချိန် ထောင်ချီတင်ပို့နေရခြင်း ဖြစ်သည်။

ယခုနှစ်တွင် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် မိုင်းလားနယ်စပ်မှတဆင့် မြန်မာ့သစ်သီးများကို တင်ပို့နေရခြင်းဖြစ်သည့်အတွက် ခရီးလမ်းကြောင်းရှည်ကြာပြီး ကုန်ကျစရိတ်များသော်လည်း စိုက်ပျိုးသူတောင်သူများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးမခံနိုင်ခြင်းကြောင့် လမ်းကြောင်းသစ်များ ရှာဖွေတင်ပို့နေနေကြောင်း သိရသည်။

ယခင်က ပွင့်လင်းရာသီချိန်တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့ရောင်းချမှုသည် ၁၂ ဘီး‌ ကားအစီးရေ ၅၀၀/၆၀၀ ဝန်းကျင်အထိ ရှိသော်လည်းလက်ရှိတွင် မိုင်းလားနယ်စပ်သို့ ဖရဲကားအစီး ၅၀၊ သခွားမွှေး ကား ၁၀ စီး ကျော်သာ တင်ပို့နိုင်သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here