အဆိုတော် ရှာကီရာ ဂုဏ်ပြုရုပ်တုကို သူ့ မိဘများက ဖွင့်လှစ်ပေးခဲ့

0
178

အဆိုတော် ရှာကီရာသည် သူ၏ မွေးဇာတိဖြစ်သည့် ကိုလံဘီယာနိုင်ငံ ဘာရန်ကွီလာ မြို့အတွက် ဂုဏ်ယူကြောင်း အစဉ်အမြဲပင်ဖော်ထုတ်ပြောကြားလေ့ရှိသဖြင့် မြို့တော်တာဝန်ရှိသူများကလည်း ရှာကီရာအား ၂၁.၃ ပေ (၆.၅၀ မီတာ) အမြင့်ရှိ ကြေးရုပ်တုတစ်ခု ထုလုပ်ကာ ပြန်လည်ဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က အဆိုပါရုပ်တုကို ရှာကီရာ၏ မိဘနှစ်ပါးဖြစ်ကြသော Mr. William Mebarak နှင့် Mrs. Nidia Ripoll တို့က ဖွင့်လှစ်ပေးခဲ့သည်။

အလေးချိန် ခြောက်တန်ရှိ အဆိုပါရုပ်တုအောက်ခြေတွင် ရှာကီရာ၏ အသက်မွေးဝမ်းကြောင်းနှင့် သူမ၏ ပရဟိတအလုပ်များကို ချီးမြှောက်သည့် စာတမ်းများရေးထိုးထားသော ကမ္ပည်းပြားတစ်ချပ် ပါရှိသည်။

အဆိုပါ ရုပ်တုကို ပန်းပုဆရာ Yino Marques က ခရိုင်အနုပညာကျောင်းဆင်းများ၏ ကူညီပံ့ပိုးမှုဖြင့် ထုလုပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here