နိုဝင်ဘာလအတွင်း ပြည်ပမှ နို့ဆီနှင့် နို့မှုန့်တန်ချိန် ၁၅၀၀ ကျော် တင်သွင်းမှုအတွက် ဒေါ်လာ ၃ သန်းကျော် သုံးစွဲခဲ့

0
203

နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ပေးနေသော်လည်း ပြည်တွင်းလိုအပ်ချက်အရ နှစ်စဉ်ပြည်ပမှ နို့နှင့် နို့ထွက်ပစ္စည်းများကို မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ တင်သွင်းလျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အမေရိကန်ဒေါ်လာ ဝ.၆၅၄ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၅ဝဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၃.၁၃၈ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၁ဝဝဝ ကျော်ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ တင်သွင်းခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ လစဉ်တင်သွင်းနေရသဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုလျှော့ချ ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းတွင် နို့နှင့်နို့ထွက်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍတွင်လည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာ အုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန် – ပုသိမ် ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ်(၃၇/၄) တွင် ထိပ်တန်း ပုဂ္ဂလိက နို့စားနွားမွေးမြူရေး ခြံတစ်ခြံကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နွားမွေးမြူရေးခြံမှ လက်ရှိတွင် နို့ထွက်ပစ္စည်းများအဖြစ် နို့စိမ်း၊ နို့ပေါင်း၊ အဆီထုတ်နို့ပေါင်း၊ ဒိန်ချဉ်နှင့် အဆီထုတ်ဒိန်ချဉ်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here