ကြည့်မြင်တိုင်ဘူတာတွင်သံလမ်း​ပေါ်အိပ်​ပျော်​နေသည့် အမျိုးသားတစ်ဦး ရထားကြိ-တ်ခံရမှုကြောင့် ဘယ်ဖက် ခြေကျင်းဝတ်ပြ-တ်

0
191

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ဘူတာတွင် ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက် (၁၁) နာရီအချိန်ခန့်က အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး ရထားကြိ-တ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သတင်းအရ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကြည်မြင်တိုင်ဘူတာမှာ ရထားကြိ-တ်ခံရတဲ့ ခြေထောက်ပြ-တ်ဒဏ်ရာပြင်း လူနာတစ်ဦးအား စမ်းချောင်းအရန်မီးသတ်မှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်”ဟု စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူက ပြောဆိုထားသည်။

ဖြစ်စဉ်နေရာအရောက်တွင် ရထားကြိ-တ်ခံရသည့် အမျိုးသားမှာ မီးရထားသံလမ်းပေါ် အိပ်ပျော်နေရာမှ ရထားကြိ-တ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပြီး ဘယ်ခြေထောက် ခြေကျင်းဝတ်ပြ-တ်ဒဏ်ရာရရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ရထားကြိ-တ်ခံရမှုကြောင့် ဘယ်ခြေထောက် ခြေကျင်းဝတ်ပြ-တ်ရှပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Photo – Wikipedia


LEAVE A REPLY

Please enter your comment!
Please enter your name here