လုံခြုံရေးအရ မြန်မာနယ်စပ်ရှိ တရုတ်ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနေရန် တရုတ်သံရုံးတိုက်တွန်း

0
291

ပေကျင်း၊ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံမြောက်ပိုင်း၌ လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသဖြင့် တရုတ် – မြန်မာနယ်စပ်ဒေသတစ်လျှောက်၌နေထိုင်နေသည့် တရုတ်နိုင်ငံသားများအ‌နေဖြင့် ဘေးလွတ်ရာသို့အမြန်ဆုံးရွှေ့ပြောင်းရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တောင်းဆိုလိုက်ကြောင်းသိရသည်။

“ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတုန်းပဲ။အဲဒီမြို့ထဲမှာပိတ်မိနေတဲ့သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။လောက်ကိုင်မြို့ထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းဖို့ထပ်မံတိုက်တွန်းလိုပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက Wechat လူမူကွန်ရက်မှတစ်ဆင့်တိုက်တွန်းတောင်းဆိုထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကို ရပ်စဲနိုင်ရန် ကြားဝင်စေ့စပ်ခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ရခိုင်၊ကိုးကန့်နှင့်တအောင်း ပလောင်စသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်များစုစည်းထားသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းကတည်းက တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ခဲ့ပြီး ကုန်သွယ်ရေးအတွက် အချက်အချာကျသောနေရာများကို သိမ်းပိုက်ထားကြောင်းလည်းသိရသည်။

Source : ဗွီအိုအေ


LEAVE A REPLY

Please enter your comment!
Please enter your name here