ကာတာ အယူခံတရားရုံးက အိန္ဒိယ ရေတပ်သင်္ဘောသားဟောင်း ၈ ဦး၏ ‌ေ-သဒဏ်ကို လျှော့ပေါ့ပေး

0
190

ကာတာနိုင်ငံမှာ သူလျှိုလုပ်မှုစွဲချက်နဲ့ ‌ေ-သဒဏ်ချမှတ်ခံထားရတဲ့ အိန္ဒိယ ရေတပ်သင်္ဘောသားဟောင်း ၈ ဦးရဲ့ ပြစ်ဒဏ်ကို အယူခံတရားရုံးက ဒီဇင်ဘာ ၂၈ ရက်မှာ လျှော့ပေးလိုက်ကြောင်း သိရပါတယ်။

ကာတာတရားရုံးရဲ့ စီရင်ချက်အသေးစိတ်ကို စောင့်မျှော်နေဆဲဖြစ်ပေမယ့် ‌ေ-သဒဏ်ကိုတော့ လျှော့ပေါ့ပေးလိုက်ပြီဖြစ်တယ်လို့ အိန္ဒိယအစိုးရက ပြောဆိုခဲ့ပါတယ်။

ဒါဟာ အိန္ဒိယ ရေတပ်သားဟောင်း ၈ ဦး ကာတာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရအပြီး ၁ နှစ်ခွဲနီးပါးအကြာမှာ နယူးဒေလီအတွက် ဥပဒေကြောင်းအရ ပထမဆုံး အောင်နိုင်မှုဖြစ်ပါတယ်။

“Dahra Global အမှုနဲ့ ပတ်သက်တဲ့ ကာတာအယူခံတရားရုံးရဲ့ ဒီနေ့စီရင်ချက်ချခဲ့တာကို မိမိတို့ သိရှိမှတ်သားရပြီး ပြစ်ဒဏ်တွေ လျှော့ပေးလိုက်ပါပြီ” လို့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးရာဋ္ဌာန(MEA) က ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ် တရားစီရင်ချက်ကို စောင့်မျှော်နေပြီး နောက်အဆင့်တွေအတွက် ဆုံးဖြတ်ဆောင်ရွက်ဖို့ရာ ရှေ့နေအဖွဲ့အပြင် မိသားစုဝင်တွေနဲ့ မိမိတို့ အနီးကပ် ဆက်သွယ်လုပ်ဆောင်နေတယ်လို့ MEA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ကြာသပတေးနေ့က အယူခံတရားရုံးရဲ့ စီရင်ချက်ချမှုအတွင်း ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ် ဗီပူလ်နဲ့ အခြားအရာရှိတွေဟာလည်း ပြစ်ဒဏ်ကျသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ရှိနေခဲ့တယ်လို့ သိရပါတယ်။

သူလျှိုလုပ်မှုစွဲချက်နဲ့ အိန္ဒိယရေတပ်သားဟောင်း ၈ ဦးကို ကာတာတရားရုံးတစ်ခုက အောက်တိုဘာလ ၂၆ ရက်မှာ ‌ေ-သဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ယင်းကို အိန္ဒိယအစိုးရက အယူခံတက်ခဲ့အပြီး သီတင်းပတ်များစွာအကြာမှာ အခုလို ပြစ်ဒဏ်လျှော့ပေါ့အမိန့်ဖြစ်လာခဲ့တာပါ။

ဒိုဟာအခြေစိုက် Dohra Global ကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ကို ဘယ်လိုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်သလဲဆိုတာကို ကာတာအာဏာပိုင်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ဗြိတိန်နေ့စဉ်သတင်းစာ Financial Times ရဲ့ အဆိုအရ သူတို့တွေကို အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ စွပ်စွဲခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Ref: The Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here