ဘီးလင်းမြို့နယ်တွင် လမ်းအင်ဂျင်နီယာတစ်ဦး လုပ်ငန်းခွင်၌ လမ်းပြင်ယာဉ် မတော်တဆ ကြိ-တ်မိပြီး အသက်ဆုံးရှုံး

0
233

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လမ်းပြင်နေသည့် လမ်းအင်ဂျင်နီယာတစ်ဦး လမ်းပြင်ယာဉ်ဖြင့် မတော်တဆ ကြိ-တ်မိခံရပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီသည့် ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်အသင်းမှ သိရသည်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး၊ ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်း၌ ဒီဇင်ဘာ (၂၈) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘီးလင်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အသင်းမှ သွားရောက်ခဲ့ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ လမ်းပြင်ရန် ကြိုးတိုင်းနေသည့် လမ်းအင်ဂျင်နီယာဖြစ်သူအား လမ်းပြင်ယာဉ်မှ မတော်တဆကြိ-တ်မိခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အသင်းထံမှ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသားမှာ မွန်ပြည်နယ်၊ သထုံမြို့တွင် နေထိုင်သည့် အသက် (၄၈)နှစ်အရွယ် လမ်းအင်ဂျင်နီယာတစ်ဦးဖြစ်ကြောင်းနှင့် ရုပ်အလေ-ာင်းအား ဘီးလင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here