လုပ်ငန်းတိုးချဲ့လိုသည့် SME လုပ်ငန်းရှင်များ ဧရာဝတီဘဏ်တွင် ကာလရှည်ချေးငွေလျှောက်ထားနိုင်

0
223

လုပ်ငန်းတိုးချဲ့လိုသည့် SME လုပ်ငန်းရှင်များအနေဖြင့် ဧရာဝတီဘဏ်တွင် ကာလရှည်ချေးငွေ လျှောက်ထားနိုင်ကြောင်း အဆိုပါဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

SME လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူခြင်း၊ စက်ရုံနှင့် ဂိုဒေါင်များ ဆောက်လုပ်ခြင်း၊ လိုအပ်သောကုန်ကြမ်းများ ဝယ်ယူခြင်းအတွက် ကာလရှည်ချေးယူနိုင်သည့် AYA SME (ကုန်ထုတ်စွမ်းအားနှင့် အမြတ်တိုးမြင့်စေသော ကာလရှည်ချေးငွေ) ကို ရွေးချယ်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

AYA SME (ကုန်ထုတ်စွမ်းအား နှင့် အမြတ်တိုးမြင့်စေသော ကာလရှည်ချေးငွေ)မှ ရရှိနိုင်သော ချေးငွေပမာဏ- အများဆုံး ကျပ်သိန်း (၁၀,၀၀၀) အထိလျှောက်ထားနိုင်ပြီး အတိုးနှုန်းမှာလည်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ အများဆုံး (၃) နှစ်ဖြစ်ကြောင်း သိရသည်။

SME လုပ်ငန်းရှင်များ အနေဖြင့် ချေးငွေကို ပမာဏအများဆုံး ချေးယူနိုင်ပြီး မူလချေးငွေ (အရင်း)ကို နှစ်အလိုက် (၃၀% – ၃၀% – ၄၀%) စနစ်ဖြင့် ပြန်လည်ပေးဆပ်နိုင်ကာ အတိုးကိုလည်း လစဉ် သို့မဟုတ် (၃)လ တစ်ကြိမ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

အာမခံပစ္စည်း အနေဖြင့် မြေ၊ အဆောက်အဦနှင့် ကွန်ဒိုထားနိုင်ကြောင်း၊ AYA SME (ကုန်ထုတ်စွမ်းအားနှင့် အမြတ် တိုးမြင့်စေသော ကာလရှည်ချေးငွေ) ကို နီးစပ်ရာ AYA Bank ဘဏ်ခွဲတိုင်းတွင် စုံစမ်းမေးမြန်း၍ လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here