ဖျက်ပိုးကို ကာကွယ်သောပိုးများ ‌ေ-သကျေ၍ ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်ထု ညစ်ညမ်းခြင်း၊ မြေဆီလွှာအာဟာရများ ပျက်စီးခြင်းစသည့် ထိခိုက်စေ​သော ပိုးသတ်ဆေးများကို မှတ်ပုံတင်ခွင့်ပေးမည်မဟုတ်ဟုဆို

0
180

ပိုးသတ်ဆေးများကို သတ်မှတ်စံချိန်စံညွှန်းနှင့် မကိုက်ညီပါက မှတ်ပုံတင်ခွင့်ပြုပေးမည် မဟုတ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကပြောသည်။

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက်အစည်းအဝေးတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုးသတ်ဆေးများကို မဆင်မခြင် သုံးစွဲလာခြင်းကြောင့် ပိုးမွှားမဟုတ်သော ပိုးကောင်များ ထိခိုက်‌ေ-သကျေစေခြင်း၊ ဖျက်ပိုးများကို ကာကွယ်သော မိတ်ဆွေပိုးများ၊ ငှက်များ၊ ငါးများနှင့် နို့တိုက်သတ္တဝါများ သေကျေ၍ ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ မြေဆီလွှာအတွင်းရှိ တီကောင်အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာအာဟာရများ ပျက်စီးကာ မြေဆီလွှာကျန်းမာရေးကို ထိခိုက်စေကြောင်း ဒုဝန်ကြီးက ဆိုသည်။

ထို့အပြင် ပိုးသတ်ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်းကြောင့် ဖျက်ပိုးများက ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာကြ၍ နှိမ်နင်းရန် ခက်ခဲသည့်အတွက် ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့အပြင် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာအထောက်အကူရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော နည်းပညာကော်မတီသို့ လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု (Efficacy) လူနှင့် အခြားအကျိုးပြုသတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပိုးသတ်ဆေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ်ဆေးဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပိုး သတ်ဆေး နည်းပညာကော်မတီဝင်များ စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၀၉ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here