နိုင်ငံတစ်ဝန်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးရန် နောက်ထပ်စီမံချက်များရှိသေးဟု မလေးရှားရဲတပ်ဖွဲ့ ပြောကြား

0
172

မလေးရှားနိုင်ငံမှာ မကြာခင်က ဂျာလန်းဆီလန်အရပ်မှာ တရားမဝင်နေထိုင်သူများကို စီးနင်းဖမ်းဆီးခဲ့သလိုမျိုး အလားတူ စီမံချက်တွေအတွက် နောက်ထပ် ဧရိယာ ၁၀ ခုကျော်လောက်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိထားတယ်လို့ သိရပါတယ်။

တရားမဝင်နေထိုင်သူ အုပ်စုတွေ အများအပြားရှိနေတာက Klang Valley ဒေသတစ်ခုတည်းမှာပဲ မဟုတ်ကြောင်း သောကြာနေ့ (ဒီဇင်ဘာ ၂၉) က ရဲလေ့ကျင့်ရေးစင်တာရှိ အခမ်းအနားတစ်ခုကို တက်ရောက်လာတဲ့ ဒုတိယ ရဲအမှုစစ်အရာရှိချုပ် ဒါတွတ် ဆာရီအယွတ်ခန် မိုင်ဒင်ပစ်ချေးက ပြောဆိုခဲ့ပါတယ်။

“သူတို့က Klang Valley မှာပဲ ရှိကြတာမဟုတ်ပါဘူး၊ ဂျိုးဟိုး၊ ကာဒက်ရှ်၊ ကာလန်တန်နဲ့ ဆာဘားပြည်နယ်တွေမှာလည်း အများကြီး ရှိနေပါတယ်” လို့ သူက ပြောဆိုပါတယ်။

“ဘုရားရဲ့ အလိုတော်အရ စီမံချက်တွေ အချိန်နဲ့တပြေးညီ ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။ တစ်ချိန်တည်းမှာပဲ ထိန်းသိမ်းခံရသူတွေကို လူဝင်မှုကြီးကြပ်ရေးဋ္ဌာနတွေမှာ ထားရှိချိန် တစ်ခါတစ်ရံ ကျွန်တော်တို့တွေ အခက်အခဲကြုံရတာမျိုးကို ပြည်သူတွေ နားလည်ရပါမယ်” လို့လည်း သူက ပြောဆိုသွားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ဂျာလန်းဆီးလန်အရပ်မှာ အကြီးစား စီမံချက်တစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် တရားမဝင် နေထိုင်သူပေါင်း ၁၁၀၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ယင်း စီမံချက်အတွင်း ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဋ္ဌာနရဲ့ အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်နဲ့ အမှုထမ်း ၁၁၃၈ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လဝကနဲ့ အကောက်ခွန်ဋ္ဌာနတို့လည်း အစိုးရအေဂျင်စီတွေလည်း ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စီမံချက်မှာ စီးကရက်အတောင့် ၁၀၀၊ အရက်သေစာပုံး ၈၀ နဲ့ တရားမဝင်ဆေးဝါးတွေ သိမ်းဆည်းရမိမှုအပါအဝင် ရင်းဂစ်ငွေ စုစုပေါင်း ၁၀၄၅၃၀ ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here