FIFA-MFF U17 League 2023 ပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

0
218

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲကို အသင်း (၁၂) သင်းဖြင့် ယနေ့ စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်‌ပေါ်လာရေးနှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာ (၂၉) ရက်မှ ၂၀၂၄ ဇွန် (၃၀)ရက် အထိ ရန်ကုန်မြို့ရှိ MFF Training Field (1)နှင့် Bahan Stadium တို့၌ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တို့တွင် ညနေ ၃ နာရီ ၃၀ မှ စတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် အဖွင့်ပွဲစဉ်အဖြစ် Artharwady FC နှင့် Shwe pyithar FC တို့ ယှဥ်ပြိုင်ကစားရာ Artharwady FC က ၆ ဂိုး ၁ ဂိုးရလဒ်ဖြင့်လည်ကောင်း Maubin FC နှင့် Pharsi myay FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ Pharsimyay FC က ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့်လည်းကောင်း အနိုင်ရခဲ့ကြောင်း သိရသည်။

FIFA-MFF U17 League 2023 ပြိုင်ပွဲဝင် ကစားသမားများအား (၁-၁-၂၀၀၇)မှ (၃၁-၁၂-၂၀၀၉) ခုနှစ်အတွင်း မွေးဖွားသူများကိုသာ ပါဝင်ခွင့်ပြုထားပြီး အသင်းတစ်သင်းတွင် အုပ်ချုပ်မှု အဖွဲ့ဝင် အနည်းဆုံး (၆) ဦး မှ အများဆုံး (၁၅) ဦး၊ ကစားသမား အနည်းဆုံး (၂၃ )ဦးမှ အများဆုံး (၃၀)ဦး မှတ်ပုံတင်ခွင့်ပြုထားကာ ပထမ အကျော့၊ ဒုတိယ အကျော့ ပွဲစဉ်များအား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်း များအတိုင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

FIFA နှင့် MFF တို့ပူးပေါင်း၍ မြန်မာ ယူ ၁၅ လိဂ်ကိုလည်း ယခုနှစ် ဇွန်လ (၂၄) ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့ (အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်) တို့တွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၁) သင်းပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here