တောင်ဝိုင်းတောင်တက် လမ်းတစ်လျှောက် ညှော်နံ့ထွက်သော အစားအသောက်များ၊ အရက်၊ ဘီယာများ မရောင်းချရန် အထူးတားမြစ်

0
202

မွန်ပြည်နယ်၊ မော်လမြိုင် တောင်ဝိုင်းတောင်တက် လမ်းတစ်လျှောက် ညှော်နံ့ထွက်သော အစားအသောက်များ၊အရက်၊ ဘီယာများမရောင်းချရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းက အသိပေးတားမြစ်ထားသည်။

ထို့အပြင် လမ်းလျှောက်၍တောင်တက် နေစဉ်အချိန်အတွင်း ဆေးလိပ်သောက်၍ တက်ခြင်းနှင့် အမှိုက်များကို အမှိုက်ပုံများအတွင်း စွန့်ပစ်ရန်လည်း အထူးသတိပေးထားသည်။

ဈေးရောင်းချသူများအနေဖြင့်လည်း တောင်ခြေသတ်မှတ်ထားသော နေရာတွင်သာ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တောင်တက်လမ်းအဝင်ရှိ ဆိုင်ကယ်နှင့် ကားပါကင်များတွင် နံနက် (၄) မိနစ် (၃၀)အချိန်မှစ၍ အခမဲ့အပ်နှံနိုင်ပြီဖြစ်ကြောင်း နှိုးဆော်ထားရှိသည်။

အဆိုပါ တောင်ဝိုင်းတောင်တက်လမ်းကို ဒီဇင်ဘာ ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ သုံးလအား တောင်တက်ရာသီအဖြစ် သတ် မှတ်ထားသည်။

မော်လမြိုင် တောင်ဝိုင်းတောင်ကို ယခု ဒီဇင်ဘာ (၂)ရက်နေ့မှစတင်၍ တောင်တက်လမ်းလျှောက်ရာသီအဖြင့် နှစ်စဉ်သတ်မှတ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here