2024 New Year Countdown ပွဲတော် ရန်ကုန်မြို့၌ ကျင်းပမည်

0
140

နှစ်သစ်ကူးပွဲတော် New Year Countdown 2024 ကို ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

ပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ (၆) နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၌ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မီးရှူးမီးပန်းပစ်ဖောက်ခြင်း အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ပါဝင်ဆင်နွှဲကြရန် ပွဲတော်ကျင်းပရေးကော်မတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပုံစာ – နိုဝင်ဘာ ၂၇ ရက်နေ့တွင်ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်လပြည့်ညတွင် ရောင်စုံမီးရှူး၊မီးပန်းများပစ်ဖောက်နေသည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here