ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပိုင်ကား ခိုးယူခံရမှု ယနေ့ထိ ထူးခြားမှု မရှိသေး

0
213

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ရိုးလေးကျေးရွာရှိ သာဓုဓမ္မ ဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်းမှ ကျောင်းပိုင်ယာဉ် ခိုးယူခံရမှုမှာ ယနေ့ဒီဇင်ဘာ (၃၀)ရက် အထိ သတင်းအစနပင် မရသေးကြောင်း ကျောင်းထိုင် ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါ သာဓုဓမ္မဘုန်းတော်ကြီးသင်ပညာရေး (မိဘမဲ့ပရဟိတ) ကျောင်းမှ ကျောင်းပိုင် MISUBISHI ယာဉ်အား ကျပ်သိန်း (၁၃၀) ဖြင့် ရောင်းချရန် လူမှုကွန်ရက်ပေါ်တွင် အရောင်းတင်ခဲ့ရာမှ ဝယ်ယူမည် ဆိုသူက ဒီဇင်ဘာ (၂၉) ရက် နံနက်ပိုင်းက စမ်းသပ်မောင်းနှင်ကာ လုယူထွက်ပြေးသွားခြင်းကြောင်း သိရသည်။

“ကားဝယ်မယ်ဆိုပြီး မောင်းပြေးသွားလို့ပါ။ ထန်းတပင် ရိုးလေးမှ သာဓုဓမ္မဘုန်းတော်ကြီးသင် ပညာရေး မိဘမဲ့ ပရဟိတကျောင်းမှ ကျောင်းပိုင် ကားကို လာဝယ်မယ်ဆိုသူတွေက ကားကို မောင်းပြေးသွားလို့ပါ။ လက်ရှိတော့ ရွှေပြည်သာဘက်ကို မောင်းသွားတယ်လို့ သိရပါတယ်။ ဆရာတော်က ပရဟိတကို ရှိလို့လုပ်နေတာ မဟုတ်ပါဘူး။ ခုလဲကျောင်းအတွက် လိုအပ်ချက်လေးတွေကို ပြုပြင်ဖို့ ငွေကြေးလိုအပ်နေတာကြောင့် ဒီကားလေးကို ရောင်းတာပါ။ ဝယ်သူက ကားကြည့်မယ်ဆိုပြီး မောင်းပြေးသွားတာပါ။” ဟု ဆရာတော်က မိန့်ကြားထားသည်။

ကားဝယ်ယူမည့်သူဟု အယောင်ဆောင်ကာ လူမှုကွန်ရက်မှတဆင့် ဆက်သွယ်လာသူက ယမန်နေ့ ဒီဇင်ဘာ (၂၉) ရက် နံနက်ပိုင်းတွင် ကားကို စမ်းသပ်မောင်းနှင်မည်ဟုဆိုကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပိုင်ယာဉ် ခိုးယူခံရမှုနှင့် ပတ်သက်၍ လက်ရှိတွင် ဆရာတော်အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားပြီး အများပြည်သူအနေဖြင့်လည်း ကားအားတွေ့ရှိခဲ့ပါက ဆက်သွယ်ပေးရန် ကူညီတောင်းထားကြောင်း သိရသည်။

“ဆရာတော်က ကျောင်းမှာ ခြံစည်းရိုးခတ်တာ အုတ်တံတိုင်းခတ်တာ လုပ်ဖို့ ငွေလိုတော့ ကားရောင်းမယ်ဆိုပြီး အရောင်းတင်လိုက်တာ၊ ကားကို ကျောင်းက တစ်ယောက်နဲ့ ထည့်ပေးလိုက်တာ၊ အဲဒီတစ်ယောက်ကို တညင်းကုန်းလမ်းဆုံက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ပိုက်ဆံသိန်းနှစ်ဆယ် သွားယူဦးမယ်ဆိုပြီး ထားခဲ့တာ။ ဆရာတော် ကလည်း ရိုးတယ်လို့ပြောရမလားပဲ။ အခုထိတော့ မထူးသေးဘူး။ သက်ဆိုင်ရာနဲ့ နီးစပ်ရာကို အကူညီတောင်းထားတယ်”ဟု ဆရာတော်၏ ကပ္ပိယက ပြောသည်။

အကယ်၍ အဆိုပါ သာဓုဓမ္မဘုန်းတော်ကြီးသင် ပညာ ရေး (မိဘမဲ့ပရဟိတ) ကျောင်းမှ ကျောင်းပိုင် MISUBISHI ကားကို တွေ့ရှိခဲ့ပါက ဖုန်းနံပါတ် 09-781222380 သို့ ဆက်သွယ်ပေးပါရန်နှင့် ကျေးဇူးဆပ်ပါမည်ဟု ဆရာတော်က မိန့်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here