KG+12 စနစ်သစ်၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးတိုက်တွန်း

0
205

လာမည့်မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လာမည့်မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာ ကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ ဆရာမများ၊ တာဝန်ရှိသူများအနေဖြင့် ကျရာတာဝန်များကို ညီညီညွတ်ညွတ်လက်တွဲ၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် မတ်လ (၁၁) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ယင်းစာမေးပွဲတွင် စနစ်ဟောင်း နဝမတန်း (Grade-10)ကို အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here