လောက်ကိုင်တွင် တရုတ်နိုင်ငံသားများ ‌ေ-သဆုံးခဲ့သည့်အ‌ပေါ် အလေးအနက်ကန့်ကွက်ကြောင်း တရုတ်ဖက်ကပြော

0
3231

စစ်ရေးတင်းမာပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် တရုတ်နိုင်ငံသားအချို့ လက်နက်ကြီးကျည် ထိမှန်‌ေ-သဆုံးခဲ့မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စမော်နင်းက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ (၂၉) ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို မစ္စမော်နင်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်းအထိ အပစ်ရပ်ထားရန် သဘောတူညီမှု ရရှိထားသော်လည်း လောက်ကိုင်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကာ MNDAA အဖွဲ့မှလည်း လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ (၂၅) ရက်က လောက်ကိုင်မြို့အတွင်းရှိ ဟိုတယ်တစ်ခုရှေ့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်နှင့်ချီ ‌ေ-သဆုံးကာ အနည်းဆုံး (၂၀) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ BBC က သတင်းဖော်ပြထားသည်။

အဆိုပါ ‌ေ-သဆုံးသူများထဲတွင် တရုတ်နိုင်ငံသားအချို့လည်း ပါဝင်နေပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံ တရုတ်ဖက်က ပြောကြားထားပြီးဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။

“လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်လူမျိုးတွေ ‌ေ-သဆုံးရတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့ပြီးပါပြီ” ဟု မစ္စမော်နင်းက သတင်းထောက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခများကို အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်စီမံကိန်းများ ၊ ဝန်ထမ်းများနှင့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးကြရန်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မစ္စတာ ဝမ်ဘင်ဘင်းက ပြောကြားထားသည်။

တရုတ်၏ ကမကထပြု ကြားဝင်ညှိနှိုင်းမှုဖြင့် MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်နိုင်ငံကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရလဒ်မထွက်ဘဲ ဆွေးနွေးပွဲပျက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ပေါ်ပြူလာနယူးစ်က နစကသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here