ထိုင်းအစိုးရက နှစ်သစ်ကူးရက်မှာ ‌ေ-သနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်

0
174

နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲဆင်နွှဲတာတွေကနေ ကြေကွဲဖွယ်အဖြစ်အပျက်တွေ ပေါ်ပေါက်မလာစေဖို့အတွက် ပြည်ထဲရေးဝန်ကြီးဋ္ဌာနက နှစ်သစ်ကူးကာလမှာ အလုံးစုံ ‌ေ-သနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်လိုက်ကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဆွတ်တီပေါင် ဂျူဂျာရန်းက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောဆိုပါတယ်။

ဋ္ဌာနဆိုင်ရာရုံးအားလုံးအနေနဲ့ နေအိမ်ပြင်ပသို့ ‌ေ-သနတ်ကိုင်ဆောင်သွားလာခွင့် ပါမစ်တွေ ထုတ်ပေးခြင်းမပြုကြဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ အနူတင်ချန်ဗီရာကူလ်က အမိန့်ပေးထားတယ်လို့ သူက ပြောပါတယ်။

နှစ်သစ်ကူးရက်အတွင်း အများပြည်သူနေရာတွေမှာ ‌ေ-သနတ်ကိုင်ဆောင်လာခြင်းရှိ မရှိကို ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးတာတွေလုပ်သွားမယ်လို့ ဆိုပါတယ်။

“ပါမစ်ရှိထားသူတွေအနေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ထွက်တဲ့အခါမှာ ‌ေ-သနတ်တွေကို ယူဆောင်သွားတာမျိုးမလုပ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးကြပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူနေရာတွေမှာ ရည်ရွယ်ချက်မရှိဘဲ ‌ေ-သနတ်ပါလာတာမျိုးဆိုရင်တောင် တရားမဝင်ဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။

နှစ်သစ်ကူးပါတီတွေမှာ အထိမ်းအမှတ်အနေနဲ့ လေထဲ ‌ေ-သနတ်ပစ်ဖောက်တာတွေကိုလည်း တားမြစ်ထားပြီး ယင်းကဲ့သို့လုပ်ရပ်တွေကြောင့် ကျည်သင့် ဒဏ်ရာရတာတွေနဲ့ လူ‌ေ-သဆုံးရတဲ့ဖြစ်ရပ်တွေတောင် ရှိဖူးခဲ့ကြောင်း မစ္စတာ ဆွတ်တီပေါင်က သတိပေးပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here