စစ်ပွဲစတင်ချိန်မှ ယနေ့အထိ ကာလအတွင်း အကြီးမားဆုံးသော လေကြောင်းထိုးစစ် ရုရှားစတင်

0
156

ရုရှား-ယူကရိန်း စစ်ပွဲများစတင်ချိန်မှစ၍ ယနေ့အထိကာလအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ထိုးစစ်ကို ရုရှားစတင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က CNN သတင်းဌာနသို့ ပြောကြားသည်။ ရုရှားတို့သည် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်များကို ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာတွင် အနည်းဆုံး လူ ၃၁ ဦး ‌ေ-သဆုံးပြီး အခြားသူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းစစ်တပ်က CNN သို့ ပြောကြားခဲ့သည်။

ရုရှားတို့၏ လေကြောင်းထိုးစစ်လှိုင်းသည် သောကြာနေ့ညမှစတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ Kyiv မြို့တော်၊ Dnipro မြို့အလယ်ပိုင်းရှိ သားဖွားဆေးရုံ၊ Kharkiv အရှေ့ပိုင်း၊ Odesa ဆိပ်ကမ်းနှင့် အနောက်ဘက်ရှိ မြို့အနောက်တောင်ပိုင်းတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သောကြာနေ့မွန်းလွဲပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ယူကရိန်းလေတပ်က ပြောကြားပြီး ရုရှားတို့သည် ယူကရိန်းနိုင်ငံ မြောက်ပိုင်း Cherkasy ဒေသကို ပစ်မှတ်ထားကာ Smilla မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ Kursk ဒေသမှ ယူကရိန်း အရှေ့မြောက်ဘက် Sumy မြို့သို့ ဦးတည်သွားသော အခြားဒုံးကျည်များကိုလည်း တွေ့ရကြောင်း ယူကရိန်းစစ်တပ်ကဆိုသည်။

“နေရာတိုင်းနဲ့ အရပ်ရပ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်တပ်တွေဟာ ရန်သူပစ်မှတ်တွေ ဖြစ်ကုန်ခဲ့ရတာကြာပြီ” ဟု ယူကရိန်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူ Yurii Ihnat က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို အနောက်နိုင်ငံအများအပြားနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့က ပြင်းထန်စွာ ရှုတ်ချခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here