ကနုတ်ဒီဇိုင်းနှင့် Electronic Music ပေါင်းစပ်ပုံဖော်ထားသည့် စတိတ်စင်ကို Yangon New Year Countdown တွင် အသုံးပြုမည်

0
270

မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် မြန်မာ့အနုပညာ ကနုတ်ဒီဇိုင်းနှင့် Electronic Music ကို ပေါင်းစပ်ပုံဖော်ဖန်တီးထားသည့် စတိတ်စင်ကို Yangon New Year Countdown ပွဲကြီးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း စတိတ်စင်ကို ပုံဖော်ဖန်တီးသည့် Stage Design by Art of Nature မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Yangon New Year Countdown ကို ဒီဇင်ဘာ (၃၀)ရက် မှ (၃၁) ရက်အထိ ရန်ကုန်မြို့ရှိ Thuwanabumi Event Park ၌ ကျင်းပမည်ဖြစ်ကာ ပွဲတွင်အသုံးပြုမည့် အဆိုပါ စတိတ်စင်သည် Electronic Music နှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာ အငွေ့အသက်တို့ ပေါင်းစပ်မှုကိုတွေ့မြင်ခံစားနိုင်စေရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ကနုတ်ပါ။ ကနုတ်ကိုမှ အများကြီးရှိတယ်။ ထိုင်းနိုင်ငံမှာလည်းရှိတယ်။ တရုတ်မှာလည်းရှိတယ်။ နိုင်ငံတိုင်းရဲ့ရိုးရာမှာ ဒီလို ဒီဇိုင်းကတော့ ရှိကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ယူထားတာ မြန်မာ့ကနုတ်လက်ရာနဲ့ပါ။ ဒါက မြန်မာ့ယဉ်ကျေးမှုနဲ့ ပေါင်းစပ်ထားတာ အများသိအောင် ဖြန့်ချင်တဲ့သဘောပါ” ဟု တာဝန်ရှိသူက ဆိုသည်။

အဆိုပါ Yangon New Year Countdown ပွဲတွင် ပြည်တွင်းနှင့် ပြည်ပမှ ဂီတပညာရှင်များက ပါဝင်ဖျော်ဖြေကြမည်ဖြ စ်ကြောင်းလည်း သိရသည်။

“အများစုလာမှာက လူငယ်တွေ ဖြစ်တယ်။ သာမန်ဆိုရင်တော့ စိတ်မဝင်စားဘူး။ ကနုတ်တွေ ဘာတွေကျ ဒီဟာနဲ့ပေါင်းပြီး ပြလိုက်တဲ့အခါကျတော့ ဒါက ဒီလိုပါလားဆိုပြီး လူငယ်တွေ သတိထားသွားမယ်။ နောက်ပြီး အဓိကက မြန်မာ့ယဉ်ကျေးမှု အနုပညာကို ပြချင်တဲ့သဘောပေါ့။ တော်ရုံလူတွေ အနေနဲ့ကတော့ ဒီနှစ်ခုကို တွဲပြီးမြင်နိုင်ဖို့က ခက်ခဲတယ်လေ”ဟု တာဝန်ရှိသူက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here