ဒီဇင်ဘာလ တစ်လအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း (၅၀)ကျော် ဖမ်းဆီးရမိ

0
178

ယခု ဒီဇင်ဘာလ တစ်လအတွင်း၌ မူးယစ်ဆေးဝါး အမှုပေါင်း (၅၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေး (ဗဟို) ဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။

ဖမ်းဆီးရမှုများတွင် ရှမ်းပြည်နယ်မှတဆင့် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးမြို့များသို့ သယ်ယူပို့ဆောင်စဉ် ဖမ်းဆီးရမိမှုသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။

ယခု ဒီဇင်ဘာလအတွင်း ရန်ကုန် မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ဘီလီယံချီ၍ ဆက်စပ်ပစ္စည်းများဖြင့်အတူ အဖွဲ့လိုက်ဖမ်းဆီးရမိမှုများလည်းရှိခဲ့သည်။

မူးယစ်ဆေးဝါးသယ်ယူရာတွင် ဘိန်းဖြူနှင့် အိုက် ဟုခေါ်သော မက်သ်အဖက်တမင်းများ အများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here