ယူကရိန်းရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး‌ေ-သဆုံးခဲ့ဟု ရုရှား ပြောဆို

0
138

ရုရှားရဲ့ ပြည်နယ်မြို့တော်တစ်ခုဖြစ်တဲ့ ဘယ်လ်ဂါရော့ဒ်မြို့ကို စနေနေ့က ကလပ်စတာဗုံးတွေပါဝင်တဲ့ ယူကရိန်းရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေ-းနှစ်ဦး အပါအဝင် လူ ၁၄ ဦး ‌ေ-သဆုံးခဲ့ကာ ၁၀၈ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒီလုပ်ရပ်အတွက် လက်တုန့်ပြန်သွားဖို့ ကတိပြုကြောင်း ရုရှားက ပြောဆိုပါတယ်။

ယူကရိန်းမြောက်ပိုင်းဒေသနဲ့ ကပ်လျက်တည်ရှိတဲ့ ဘယ်လ်ဂါရော့ဒ်မြို့ဟာ ရုရှားရဲ့ အခြားနယ်စပ်ဇုံတွေလိုပဲ လက်နက်ကြီးပစ်ခတ်ခံရမှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေ တစ်နှစ်ပတ်လုံးခံခဲ့ရပြီး ဒီတိုက်ခိုက်မှုတွေအတွက် ဒေသအာဏာပိုင်တွေက ယူကရိန်းကို အပြစ်ဖို့ခဲ့ပါတယ်။ သို့ပေမယ့် ယခုကဲ့သို့ ပမာဏကြီးမားတဲ့ တိုက်ခိုက်မှုမျိုး ယခင်က မကြုံခဲ့ရဘူးလို့ သိရပါတယ်။

ယူကရိန်း ခါကိဗ်ဒေသရှိ အစုအပြုံလိုက်ပစ် ဒုံးပစ်စင်တစ်ခုကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ မြို့လယ် Cathedral ရင်ပြင်က မိုးလုံလေလုံ စကိတ်ရုံတစ်ခု၊ ဈေးဝယ်စင်တာတစ်ခုနဲ့ လူနေအဆောက်အအုံတွေကို ထိမှန်ခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုတယ်လို့ Kommersant သတင်းစာက ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ယူကရိန်းဘက်က တရားဝင်မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ သို့ပေမယ့် ယူကရိန်းသတင်းဌာနတစ်ခုဖြစ်တဲ့ RBC-Ukraine က အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြရာမှာတော့ ပြီးခဲ့တဲ့ရက်က ယူကရိန်းမြို့ကြီးတွေအပေါ် ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ယူကရိန်းတပ်ဖွဲ့တွေက ဘယ်လ်ဂါရော့ဒ်မြို့ စစ်ဘက်ပစ်မှတ်တွေကို တိုက်ရိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအဖွဲ့က လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here