အလုံမြို့နယ် ကမ်းနားလမ်းတွင် လမ်းဖြတ်ကူးသူ အမျိုးသားအား ယာဉ်တစ်စီးမှ တိုက်မိကာ အသက်ဆုံးရှုံး

0
132

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ၊ ကမ်းနားလမ်းတွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား ယာဉ်တစ်စီးမှ တိုက်မိကာ အသက်ဆုံးရှုံးခဲ့ရပြီး ယာဉ်မှာမောင်းနှင်ထွက်ပြေးသွားကြောင်း အလုံမြို့နယ် ကြက်ခြေနီအဖွဲ့ထံမှ သိရသည်။

အလုံမြို့နယ် ၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် ဒီဇင်ဘာ (၃၀)ရက် ည (၈)နာရီ (၄၀)မိနစ်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားကြောင်း သတင်းအရ အလုံမြို့နယ်ကြက်ခြေနီအဖွဲမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသား၏ ရုပ်အလေ-ာင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် တိုက်ပြေးသွားသော ကားနံပါတ်မသိရသေးကြောင်း အသင်းက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here