(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် ရှိသည့်အတွက် ဇန်နဝါရီလ (၂) ရက်နှင့် (၄) ရက်တွင် ပြည်လမ်းကို ခေတ္တပိတ်မည်

0
213

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမည်ဖြစ်သည့်အတွက် ဇန်နဝါရီလ (၂) ရက်နှင့် (၄) ရက်တို့တွင် ပြည်လမ်းကို ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ဇန်နဝါရီလ (၂)  ရက် နံနက် (၄) နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ လွတ်လပ်ရေးနေ့ အခမ်းအနား အစမ်းလေ့ကျင့်မည်ဖြစ်ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီ (၄) ရက် နံနက် (၄) နာရီ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် အခမ်းအနား ကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သည်။

ထို့ကြောင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်သွားလာသော ယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာ လမ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here