ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ် ရာသီချိန်ဖြစ်၍ လပွတ္တာ ဒေသထွက် နေလှန်းဆား အရောင်းအဝယ်ကောင်းနေ

0
243

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မှ ဒေသထွက် နေလှန်းဆားများ ဝယ်ယူအားကောင်းလာခြင်းကြောင့် အရောင်းအဝယ်ကောင်းနေကြောင်း ဆားထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံ သိရသည်။

လပွတ္တာမြို့နယ်မှ ဒေသထွက်နေလှန်းဆားများကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး လက်ရှိအချိန်ထိ ဒေသဈေးကွက်အပြင် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ မအူပင်နှင့် အခြားဒေသများမှ ဝယ်ယူအားမြင့်တက်နေကြောင်း သိရသည်။

“ဒီလ နေလှန်းဆားက အတော်လေးကို အဝယ်လိုက်နေတယ်။ ပြည်တွင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းလုပ်တဲ့ရာသီဖြစ်လို့ အခုလို ဒေသထွက်ဆားဝယ်ယူ အားကောင်းနေတာပါ။ လက်ရှိအချိန်က ဒေသမှာ လက်ကျန်ဆားတွေပဲရှိပါတယ်။ အခုလက်ကျန်ဆားတွေကိုပဲ ရောင်းနေတာပါ” ဟု လပွတ္တာမြို့နယ်မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက် နေလှန်းဆားများကို လုပ်ငန်းရှင်များက စနစ်တကျချက်လုပ်ပြီး မှာယူသည့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကာ အဆိုပါ နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရသည်။

“အခုလို ဆားဝယ်ယူအားတက်လာတော့ ဆားထုတ်လုပ်တဲ့တောင်သူတွေလဲ အဆင်ပြေလာတာ တွေ့ရပါတယ်။ ဒေသထွက်ဆားတွေကို ရန်ကုန်ကလည်း ဒီဇင်ဘာလ တတိယပ တ်ကစပြီး ဝယ်ယူအားများလာပါတယ်”ဟု နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here