ရန်ကုန် – မန္တလေး အမြန်လမ်းတွင် Hijet (၁)စီး ဘီးပေါက်ကာ ဘယ်ရီယာတုံးအား ဝင်တိုက်မိပြီး အမျိုးသား (၁)ဦး ‌ေ-သဆုံး၊ အမျိုးသမီး (၂) ဦး စိုးရိမ်ရ ဒဏ်ရာများရရှိ

0
126

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၁၆/၁) နှင့် (၃၁၆/၂)ကြားတွင် Hijet ယာဉ် (၁)စီး ဘီးပေါက်ကာ ဘယ်ရီယာတုံးများအား ဝင်တိုက်မိရာမှ ယာဉ်ပေါ်ပါ (၉)ဦးအနက် အမျိုးသား (၁)ဦး ‌ေ-သဆုံးပြီး အမျိုးသမီး (၂) ဦး စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁)ရက် နေ့လယ် (၁)နာရီ (၁၀) မိနစ် အချိန်ခန့်က Hijet ယာဉ် (၁)စီး ဘီးပေါက်၍ ဘယ်ရီယာတုံးများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၉)ဦးအနက် အမျိုးသား (၁)ဦး အသက်ဆုံရှုံးခဲ့ရပြီး အမျိုးသမီး (၂)ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား ပြင်စည်မီးသတ်စခန်းမှ လူနာတင်ယာဉ်နှင့် ဝန်ဇင်းလူမှုကူညီရေးအသင်းမှ ယာဉ်တို့ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ (၁၁) လတာ ကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း (၄၄၂၁) မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၁၅၉) ဦးရှိခဲ့ကာ ‌ေ-သဆုံးသူ (၂၂၅၀) ဦးအထိရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here