တရုတ်နှင့်ဆက်ဆံရေးအား ပြည်သူများ၏ဆန္ဒအ‌ပေါ်သာမူတည်ဆုံးဖြတ်သင့်ဟု ထိုင်ဝမ်သမ္မတဆို

0
188

တိုင်ပေ၊ဇန်နဝါရီ ၁

တရုတ်နှင့်ထိုင်ဝမ်တို့၏ ပြန်လည်ပေါင်းစည်းရေးသည် မြေကြီးလက်ခတ်မလွဲဖြစ်ရမည်ဟု တရုတ်သမ္မတရှီကပြောကြားခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတက တရုတ်နှင့်ထိုင်ဝမ်ကြားဆက်ဆံရေးသည် ပြည်သူများဆန္ဒအပေါ်သာမူတည်ပြီးဆုံးဖြတ်သင့်သည်ဟုဆိုကာ ငြိမ်းချမ်းရေးသည်ဂုဏ်သိက္ခာအပေါ်အခြေခံရမည်ဟုလည်းဆိုခဲ့သည်။

တရုတ်သည် ဇန်န၀ါရီ ၁၃ ရက်၌ သမ္မတနှင့် ပါလီမန် ရွေးကောက်ပွဲများကျင်းပမည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်ဟုအခိုင်အမာကြွေးကြော်ကာ စစ်ရေးဖိအားများလည်းမြှင့်တင်ခဲ့သည်။

နှစ်သစ်အကြိုညကပြောကြားခဲ့သည့် သမ္မတရှီ၏မိန့်ခွန်း၌ ထိုင်ဝမ်ပြည်သူများသည် တရုတ်နှင့်တစ်သွေးတစ်သားတည်းမိသားစုဝင်များသာဖြစ်သည်ဟူသည့်အကြောင်းအား ယခင်နှစ်များထက်ပိုပြီး ပြတ်သားစွာပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ကလည်း ထိုင်ဝမ်၏ ရွေးကောက်ပွဲရလဒ်အား တရုတ်နိုင်ငံအ‌နေဖြင့်လေးစားသင့်ပြီး ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းရန် နှစ်ဖက်စလုံး၌ တာဝန်ရှိကြောင်းပြောကြားခဲ့သည်။

တရုတ်ကမူ ထိုင်ဝမ်သမ္မတဆိုင်အား အန္တရာယ်ရှိသောခွဲထွက်ရေးသမားတစ်ဦးအဖြစ်ရှုမြင်ပြီး ဆိုင်ဘက်ကကမ်းလှမ်းသည့် ဆွေးနွေးရန်ကမ်းလှမ်းချက်မှန်သမျှအားပယ်ချခဲ့သည်။

သတင်းအတုအယောင်များ၊စစ်ရေးအရနှင့်ကုန်သွယ်ရေးဖိအားများသုံးကာ ရွေးကောက်ပွဲ၌ တရုတ်ဘက်ကဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေသည်ဟု ထိုင်ဝမ်အစိုးရက ထပ်ခါတလဲလဲ သတိပေးခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သတိထားနိုင်မည်ဟုမျှော်လင့်ကြောင်းလည်း ဆိုင်ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာဂျေ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here