ကမ္ဘာ့အကောင်းဆုံး မွေထိုင်းကစား
သမားစာရင်းဝင်ခဲ့ပြီဖြစ်သည့် ဘရော်နီကာ

0
139

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာသည် ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်း၏ အကောင်းဆုံးအမျိုးသမီး မွေထိုင်းကစားသမားအဖြစ် သတ်မှတ်ခံရကြောင်း World Muay Thai Organization ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ဘရော်နီကာအနေဖြင့် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမား ထိပ်တန်း (၁၀)ဦးအနက် နံပါတ် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် သူမသည် One Championship တွင် မွေထိုင်းကစားနေသောဖိုက်တာများနှင့် ရင်ဘောင်တန်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သူမသည် ၂၀၂၂ ခုနှစ်တွင်လည်း WMO က ချီးမြှင့်ထားသည့် အကောင်းဆုံး အမျိုးသမီးမွေထိုင်းကစားသမားဆုကိုလည်း ရရှိထားသေးသည်။

ဘရော်နီကာသည် လက်ရှိ Thai Fight နှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေပြီး၊ စာချုပ်သက်တမ်းပြည့်ပါက One Championship သို့ တဆင့်တက်ကာ သွားရောက်ကစားရန် ရှိနေပြီဖြစ်သည်။

ဘရော်နီကာအနေဖြင့်လည်း One ဖြင့် လက်တွဲသွားရန် ဆန္ဒရှိနေပြီး၊ One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။

လက်ရှိတွင် Thai Fight ပွဲစဉ်များတွင်နှစ်ပွဲသာ ရှုံးပွဲ ရှိဖူးသော ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၄)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် Thai Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲတွင် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာမယ်ကို ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here