၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင် ရာဇဝတ်မှုများကို နှိမ်နှင်းသွားမည်ဟု မိုင်းလားအဖွဲ့ ပြောကြား

0
207

၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင် ရာဇဝတ်မှုများကို နှိမ်နှင်းသွားမည်ဟု မိုင်းလားအထူးဒေသ(၄)၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးစိုင်းလင်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ နှိမ်နင်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို တိုးမြင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခု ၂၀၂၄ ခုနှစ်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းလားအထူးဒေသ(၄)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးစိုင်းလင်းက နှစ်သစ်ကူး ဆုတောင်းမိန့်ခွန်းအတွင်း ယင်းသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း စိန်ခေါ်မှုများစွာကြုံခဲ့ရသော်လည်း မိမိတို့အနေဖြင့် ငြိမ်းချမ်း၊စည်းလုံး၊ ဖွံ့ဖြိုးဆိုသည့် မူကို လက်ကိုင်ထား၍ ဘက်မလိုက်သော နိုင်ငံရေးရပ်တည်ချက်ကို ကျင့်သုံးပြီး နယ်စပ်‌ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

အလားတူ မိမိတို့နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြင့် စည်းလုံးညီညွှတ်ရေးကို ဆက်လက် ထိန်းသိမ်းပြီး၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရှိရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ်သည် မိမိတို့ မိုင်းလားအထူးဒေသ(၄)၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅)နှစ်ပြည့်ခဲ့မြောက်ပြီဖြစ်ပြီး၊ ပိုမိုကောင်းမွန်သော အနာဂတ်ကိုမျှော်မှန်း၍ ဒေသအတွင်းနေထိုင်ကျသော တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၊ ဖွံဖြိုးတိုးတက်မှု တို့အား မဆုတ်မနစ် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ကို အနှစ်ချုပ် ဖော်ပြလိုက်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here