နှစ်ဦးတွင်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့

0
238

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဇန်နဝါရီလ (၁)ရက်တွင် နိုင်ငံခြားငွေ စျေးကွက်အတွင်း ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သန်း နှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

SWAP Facility သည် ကျပ်ငွေအပေါင်ယူပြီး ၎င်းနှင့် ညီမျှသည့် နိုင်ငံခြားငွေ ထုတ်ပေးသည့် စနစ်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁) ရက်တွင်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဒေါ်လာများထုတ်ရောင်းပေးထားကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online trading ငွေလဲနှုန်းကို ယခင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ ဒီဇင်ဘာ (၅) ရက်ကစတင်ကာ Market rate အတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားခြင်း ဖြစ်သည်။

ဒီဇင်ဘာ​နောက်ဆုံးပတ်မှစ၍ ​နိုင်ငံခြား​ငွေလဲလှယ်နူန်းများ ငြိမ်သက်လျှက်ရှိ​နေသည်။
ပိတ်ရက်များဆက်တိုက်ဖြစ်​နေခြင်း နယ်စပ်အချို့ကုန်သွယ်​​ရေးရပ်ဆိုင်းထားခြင်း​ကြောင့် နိုင်ငံခြားငွေလိုအပ်မှု​လျော့နည်းခြင်း၊ ပြည်ပမှလုပ်ခလစာများဝင်လာခြင်း၊သွင်းကုန်တင်သွင်းမှုလျော့လာခြင်း​များကြောင့်နိုင်ငံခြား​ငွေ​လဲလှယ်သည့်စျေး ငြိမ်သက်​နေ​ခြင်းဖြစ်မည်ဟု တွက်ဆကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here