အင်းစိန်တွင် ယာဥ်ကြော ပြောင်းပြန်​မောင်းသည့်ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကား တိုက်မိ

0
217

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ဘေးတွဲဆိုင်ကယ်နှင့် အိမ်စီးကား တိုက်မိရာမှ ဘေးတွဲဆိုင်ကယ် မောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ မြို့သစ် က/ခ အင်းစိန် မြို့သစ်ဈေးအနီးတွင် ဇန်နဝါရီ(၁)ရက်၊ ညပိုင်းကယာဉ်တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက်အရ အသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“ဘေးတွဲဆိုင်ကယ် တစ်စီးက ယာဉ်ကြော ပြောင်းပြန် ဖြတ်မောင်းတာ။ အိမ်စီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ မတော်တဆ ဝင်တိုက်မိတာပေါ့။ ဘေးတွဲဆိုင်ကယ် မောင်းတဲ့ အသက်ကြီးပိုင်း အမျိုးသား အောက်မေးကွဲ၊ ညာဒူးကွဲ ဒဏ်ရာရခဲ့တယ်။”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘေးတွဲဆိုင်ကယ် မောင်းနှင်သည့် အသက် (၅၆)နှစ်အရွယ် အမျိုးသားအား သင်္ခါရ သွေးနှင့် လူမှုကူညီရေးအသင်းနှင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ မြေပြင် ရှေးဦးပြုစုပေးကာ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here