စက်သုံးဆီ ဈေးမြင့်တက်မှုကြောင့် နယ်ဝေးရထားများ လက်မှတ်ခနှုန်းထားတိုးမြှင့်သတ်မှတ်

0
139

စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ရန်ကုန်အခြေပြုပြေးဆွဲနေသည့် နယ်ဝေးရထားများ၏ လက်မှတ်နှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဇန်နဝါရီ (၁) ရက်မှစတင်ပြီး အဆိုပါ လက်မှတ်ခနှုန်းထားများကို ပြောင်းလဲကောက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် အဝေးပြေးရထား လက်မှတ်ခများကို ခရီးစဥ်အလိုက် ပြင်ဆင်သတ်မှတ်ထားပြီး သက်ဆိုင်ရာ ဘူတာများတွင်လည်း အသိပေးထားကြောင်း သိရသည်။

“ဒီဇယ်ဈေးတွေက မြင့်တက်နေတော့ ပြောင်းလဲကောက်ခံတာဖြစ်ပါတယ်။ ခရီးသည်တွေအဆင်ပြေမယ့်နှုန်းထားကိုပဲ ပြောင်းလဲထားတာဖြစ်ပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အခြေပြုပြီး မော်လမြိုင်၊ မန္တလေး၊ ပြည်လမ်းပိုင်းရထားများ ပြေးဆွဲနေပြီး တရားဝင်လက်မှတ်နှုန်းထက်ပိုကာ မှောင်ခိုစျေးနှင့်ရောင်းချသူများလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here