မြန်မာ့မီးရထားလမ်းပိုင်းများတွင် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ တည်ဆောက်မည်

0
183

မြန်မာ့မီးရထားလမ်းပိုင်းများတွင် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရသည်။

သီလဝါ-တိုးကြောင်ကလေး-ရန်ကုန်မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံရထားလမ်းပိုင်းများတွင် ရထားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဘူတာ (၁၀) နေရာ၌ ဆက်စပ်သည့် Warehouse and Distribution Center အငယ်စားများ တည်ဆောက်/ လည်ပတ်လုပ်ကိုင်ခြင်း လုပ်ငန်းတို့ကို Package စနစ် (၅) နှစ်မူဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများအတွက် လုပ်ကိုင်လိုသည့် နိုင်ငံသားလုပ်ငန်းရှင်များကို မြန်မာ့မီးရထားလုပ်ငန်းက တင်ဒါခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ တင်ဒါလျှောက်လွှာများကို ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် (၅၁) လမ်းထိပ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံ (Instructions to Tenderer & Request for Proposal) များကို ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

တင်ဒါလျှောက်လွှာတစ်စုံ ငွေကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ (၁) ရက်မှ (၁၅) ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို လာမည့် ဧပြီ (၁) ရက် နေ့လယ် (၂) နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here