ရန်ကုန် – အင်းစိန်လမ်းမပေါ်တွင် လူနာသွားကြိုသည့် ပရဟိတအသင်း ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

0
230

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန် – အင်းစိန်လမ်းမပေါ်တွင် လူနာတင်ယာဉ်တစ်စီး တိမ်းမှောက်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်ရှိ သုခကမ္ဘာဆေးခန်းမှ လူနာကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်သို့ ကူညီပို့ဆောင်ရန် ထွက်ခွာလာသည့် လှိုင်သာယာမြို့နယ်မှ ခေတ်သစ်လူငယ်ပရဟိတ (လှိုင်သာယာ)အသင်းမှ လူနာယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Myanmar Volunteer Group မှ သိရသည်။

လှိုင်မြို့နယ်၊ အုတ်ကျင်း မှတ်တိုင်နှင့် ဘာတာမှတ်တိုင်ကြားတွင် ယနေ့ ဇန်နဝါရီ (၂) ရက် နံနက် (၉)နာရီကျော်ခန့်က အဆိုပါ ယာဉ်မှာ ကားအောက်ပိုင်း မိန်းတိုက်ရော့လေးပြုတ်ကာ လမ်းလယ်ကျွန်းရှိ ဓါတ်တိုင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Volunteer Group မှ သိရသည်။

အဆိုပါ လူနာတင်ယာဉ်မှာ သုခကမ္ဘာဆေးခန်းမှ လူနာကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်သို့ ကူညီပို့ဆောင်ရန် ထွက်ခွာလာစဉ် လှိုင်မြို့နယ် ရန်ကုန် – အင်းစိန်လမ်းမပေါ်တွင် မတော်တဆ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း အသင်းမှ သိရသည်။

“လူထိခိုက်မှုတော့ မရှိဘူးဗျ။ ကျွန်တော်တို့ အသင်းက လူငယ်တွေလည်း (၂၄) နာရီ အလုပ်လုပ်နေရတော့ နည်းနည်းပင်ပန်းသွားပြီး သတိလက်လွတ်ဖြစ်သွားတာ။ ကားကလည်း သိပ်မကောင်းတော့ ဖြစ်သွားတာ။ မိန်းတိုက်ရှော့ကြီးပြုတ်သွားတာ ဘယ်ဘက်ခြမ်းက ပြုတ်သွားတာ ဆွဲချပြီးတော့ ဓါတ်တိုင်ကို တိုက်မိသွားတာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး”ဟု အသင်းက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here