မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲနှင့် ပဲယဉ်း အရောင်းအဝယ်ကောင်းနေ

0
234

မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်း ကုလားပဲနှင့် ပဲယဉ်းများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြချက်အရ သိရသည်။

ယခင်က ပဲ၊ နှမ်း စသည့် ကုန်စည်များထဲတွင် ကုလားပဲနှင့် ပဲယဉ်း အမျိုးအစားမှာ ပြည်တွင်းဈေးကွက်အတွင်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုလက်ရှိတွင် ကုလားပဲနှင့် ပဲယဉ်းအမျိုးအစားများကို ကုန်သည်များက ဝယ်ယူမှု များပြားလာကြောင်း သိရသည်။

“မန္တလေး ကုန်စည်ဒိုင်မှာတော့ ကုလားပဲနဲ့ ပဲယဉ်းတွေ အရောင်းအဝယ် ပြန်ဖြစ်နေတဲ့ အပြင် အခြား ပြောင်း၊ ဂျုံ၊ တရုတ်ပဲကြီး၊ မတ်ပဲ စတဲ့ ကုန်စည်တွေလဲ ဈေးကွက်ထဲမှာ အရောင်းအဝယ်ပြန်ပြီး ကောင်းနေတယ်။ ပဲတီစိမ်း စတဲ့ ကုန်စည်တွေကတော့ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေပါတယ်”ဟု ဦးစက်မောင်ဆွေက ပြောသည်။

မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်း ဇန်နဝါရီလ (၁) ရက်ပေါက်ဈေးအရ ကုလားပဲ (V2) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉ဝဝဝဝ၊ ကုလားပဲ(V7) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၅ဝဝဝ၊ ကုလားပဲ (TW) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇ဝဝဝဝ၊ ကုလားပဲ(929) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၅ဝဝဝ၊ ပဲယဉ်း သုံးတင်းဝင်တစ်အိ တ်လျှင် ငွေကျပ် ၁၄၅၀၀၀ အထိ ပေါက်ဈေး ရှိကြောင်း သိရသည်။

အလားတူ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ကျပ် ၃၅ဝဝဝဝ၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၅ဝဝဝ၊ နှမ်းနက်(စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ အထိ ပေါက်ဈေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here