အင်ဒို၌ မီးတောင်ပေါက်ကွဲနိုင်သဖြင့် ဒေသခံထောင်ချီရွှေ့ပြောင်းထား

0
109
Motorists ride as mount Lewotobi Laki-Laki spews hot smoke in Flores Timur, Nusa Tenggara, Timur province on January 2, 2024. (Photo by ARNOLD WELIANTO / AFP)

ဂျကာတာ၊ဇန်နဝါရီ ၂

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိမီး‌တောင်တစ်ခု၌ မီးတောင်ပေါက်ကွဲနိုင်ခြေမြင့်မားလာသဖြင့် မီးတောင်အနီးတစ်ဝိုက်ရှိဒေသခံများအား ဘေးလွတ်ရာယာယီစခန်းများသို့ရွှေ့ပြောင်းနေထိုင်ရန်ညွှန်ကြားထားကြောင်းသိရသည်။

နိုင်ငံအရှေ့ပိုင်းရှိ Lewotobi Laki – Laki မီးတောင်သည် မကြာသေးခင်အပတ်များအတွင်း အကြိမ်ပေါင်းများစွာပေါက်ကွဲခဲ့ပြီး ယခုတစ်ပတ်တနင်္လာနေ့ကပေါက်ကွဲမှု၌ တောင်ထိပ်အထက် ၁ ဒသမ ၅ ကီလိုမီတာအထိ ပြာများပေါက်ထွက်လာခဲ့သည်ဟုလည်းဆိုသည်။

ယင်းသို့ပေါက်ကွဲမှုများကြောင့် မီးတောင်နားတစ်ဝိုက်ရှိဒေသခံများအား အစိုးရကစီစဉ်ပေးထားသည့် ယာယီစခန်းများသို့ပြောင်းရွှေ့နေထိုင်စေခဲ့သည်ဟုလည်းသိရသည်။

ဆက်လက်၍ အာဏာပိုင်များက မီးတောင်ပေါက်ကွဲမှုအခြေအနေအား အဆင့်သတ်မှတ်ချက်လေးဆင့်အနက် ဒုတိယအဆင့်အထိပြောင်းလဲသတ်မှတ်ခဲ့ပြီး မီးတောင်ဝ၏ နှစ်ကီလိုမီတာပတ်လည်သို့မသွားရန်တားမြစ်ထားသည့်တားမြစ်ချက်အား လေးကီလိုမီတာအထိတိုးမြှင့်သတ်မှတ်ခဲ့သည်ဟုလည်းသိရသည်။

အင်ဒို၌ မီးတောင်ရှင်ပေါင်း ၁၃၀ နီးပါးရှိပြီး ပြီးခဲ့သည့်လကလည်း မာရာပီအမည်ရှိမီးတောင်ပေါက်ကွဲမှုကြောင့်လည်း လူပေါင်း ၂၃ ဦး‌ေ-သဆုံးခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here