ပျူမြို့ဟောင်း (၃) မြို့သို့ လာရောက်မည့် နိုင်ငံခြားသားများ၏ဝင်ကြေးတိုးမြှင့်

0
217

UNESCO စာရင်းဝင် ပျူမြို့ဟောင်း (၃) မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ယဉ်ကျေးမှု ဇုန်များသို့လာရောက်မည့် နိုင်ငံခြားသားများကို ဝင်ကြေးတိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ယင်းပြောင်းလဲသတ်မှတ်လိုက်သည့် ဇုန်ဝင်ကြေးများမှာ တစ်ဦးလျှင် ယခင် သတ်မှတ်ထားသည့် ကျပ်-၅ဝဝ၀ နှုန်းအစား ကျပ်-
၁ဝဝဝဝ နှုန်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နှင့် ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်များသို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည်များကိုလည်း တစ်ဦးလျှင် ကျပ်-၂ဝဝ နှုန်းမှ ကျပ်-၅ဝဝ နှုန်းဖြင့် ပြောင်းလဲကောက်ခံနေကြောင်းလည်း သိရသည်။

ပုဂံဌာနခွဲ ပုဂံယဉ်ကျေးမှုဇုန် နယ်မြေအတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းခွဲ သတ်မှတ်ထားရှိပြီး ပြည်တွင်းမှ လေ့လာသူများအတွက် အခမဲ့ခွင့်ပြုပေးထားကြောင်း သိရသည်။

ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ မကွေးဌာနခွဲ စလေ ရှေးဟောင်းပြတိုက်၊ ပခန်းကြီး ရှေးဟောင်း သုတေသနပြတိုက်၊ ဗိဿနိုး ရှေးဟောင်း သုတေသန ပြတိုက်၊ ပဲခူးရှေးဟောင်း သုတေသန ပြတိုက်၊ ပြည်ဌာနစု သရေခေတ္တရာ ယဉ်ကျေးမှုဇုန်၊ သီရိခေတ္တရာ ပြတိုက်၊ စစ်တွေ ဗုဒ္ဓပြတိုက်၊ ယဉ်ကျေးမှု ပြတိုက် နှင့် စာကြည့်တိုက်၊ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်၊ ကျောက်တော် ရှေးဟောင်းပြတိုက်များအတွက် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်း၊ပြည်တွင်းမှ လေ့လာသူများ အတွက် လူကြီးတစ်ဦးလျှင် ငွေကျပ် ငါးရာနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ ကျိုင်းတုံယဉ်ကျေးမှုပြတိုက်၊ ပုသိမ်ဌာနခွဲယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ မြစ်ကြီးနားဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ လွိုင်ကော်ဌာနခွဲ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်၊ ဘားအံဌာနခွဲ ယဉ်ကျေးမှု ပြတိုက် နှင့် စာကြည့်တိုက်၊ ဟားခါးဌာနခွဲ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်၊ မော်လမြိုင် ဌာနခွဲ ယဉ်ကျေးမှုပြတိုက် နှင့် စာကြည့်တိုက်၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်)၊ အမျိုးသား ပြတိုက် (နေပြည်တော်) အတွက်လည်း နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ငါးထောင်နှုန်း၊ ပြည်တွင်းမှ လေ့လာသူများ အတွက်လူကြီး တစ်ဦးလျှင် ငွေကျပ်ငါးရာနှုန်း သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ နေရာများတွင် ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသား/သူများ၊ ကလေးသူငယ်များ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများကို အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here