ဘားအံမြို့နယ် မူကိုချောင်းအတွင်းအမျိုးသားတစ်ဦး ရေန-စ်ပျောက်ဆုံးမှုဖြစ်ပွား

0
119

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ မူကိုကျေးရွာချောင်းအတွင်း အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေ (၅)နာရီခွဲအချိန်က ရေန-စ်ပျောက်ဆုံးမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ထံက သိရသည်။

အဆိုပါ ရေန-စ်ပျောက်ဆုံးသူအမျိုးသားသည် ချောင်းအတွင်း ရေဆင်းကူးရာမှ
ငါးနာရီနီးပါးကြာရေန-စ်ပျောက်ဆုံးနေခြင်းလည်းဖြစ်သည်။

ယင်းအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်၏ RESCUE DIVER TEAM KAYIN မှ ထွက်ခွာ၍
ရေငုပ်ရှာဖွေခဲ့ရာ ည(၉)နာရီ (၄၅)မိနစ် အချိန်၌ ရုပ်အလေ-ာင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ရှာဖွေမှုအား ဖေးမတွဲကူစိတ်ထားဖြူနောင်လုံကယ်ဆယ်ရေးအသင်း၊ကရုဏာတွဲလက်အိန္ဒုကယ်ဆယ်ရေးအသင်းနှင့် ခနိမ်းဒိုလူမှုကယ်ဆယ်ရေးအသင်းတို့က ပူးပေါင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့‌သော ဒီဇင်ဘာလ (၃၁) ရက်နေ့ မွန်းလွှဲပိုင်းအချိန်၌လည်း ဘားအံမြို့နယ်၊ ပိုင်ကျုံချောင်းအတွင်း အသက် (၄၅)နှစ်အရွှယ် အမျိုးသားတစ်ဉီးရေန-စ်ပျောက်ဆုံးခဲ့ရာ၊ ယင်းချောင်း၏ အနက်ပေ (၃၀) တွင် နစ်မြှပ်‌ေ-သဆုံးနေသည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here