ဘေရွတ်တွင် ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဟားမတ်စ် အကြီးတန်း ခေါင်းဆောင် ‌ေ-သဆုံးခဲ့

0
162

ဘေရွတ်မြို့ ဆင်ခြေဖုံးတွင် အင်္ဂါနေ့က ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဟားမတ်စ် အကြီးတန်း ခေါင်းဆောင် Saleh Aouri ‌ေ-သဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ကကြေညာသည်။

ဟားမတ်စ် နိုင်ငံရေးရုံး၏ ဒုတိယကွပ်ကဲမှုခေါင်းဆောင် Saleh Aouri သည် ဘေရွတ်မြို့ ဆင်ခြေဖုံးတွင် ‌ေ-သဆုံးခဲ့ရသည်။ ဟစ်ဇ်ဘိုလာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ တိုက်ခိုက်မှုတွင် ဒုံးကျည်သုံးစင်းပါသော ဒရုန်းယာဉ်ဖြင့် အစ္စရေးတို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

အစ္စရေးကမူ ယင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ပြောကြားခြင်းမပြုချေ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီယယ် ဟာဂါရီကမူ အစ္စရေးတပ်ဖွဲ့များသည် “စစ်မြေပြင်၊ ကာကွယ်ရေးနှင့် အရာရာတိုင်းအတွက် အဆင်သင့်ရှိနေသည်” ဟု ပြောကြားခဲ့သည်။

Arouri သ-တ်ဖြ-တ်မှုအပေါ် အထူးတလည်မှတ်ချက်ပေးရန် ငြင်းဆိုထားသော်လည်း “မည်သည့်အခြေအနေအတွက်မဆို ကျွန်ုပ်တို့ အထူးပြင်ဆင်ထားပြီးဖြစ်သည်” ဟု အင်္ဂါနေ့ညက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။ “ဒီညမှာ ပြောရမယ့် အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့ဟာ ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ အာရုံစိုက်နေပြီး ဆက်ပြီး အာရုံစိုက်နေမယ်ဆိုတာပါပဲ”ဟု သူကဆိုသည်။

အမည်မဖော်လိုသည့် အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးကမူ IDF သည် အာရိုရီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here