ဂျပန်လေဆိပ် မတော်တဆမှု၌ ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်ပါ အမှုထမ်းငါးဦး‌ေ-သဆုံး

0
266
Officials look at the burnt wreckage of a Japan Airlines (JAL) passenger plane on the tarmac at Tokyo International Airport at Haneda in Tokyo on January 3, 2024, the morning after the JAL airliner hit a smaller coast guard plane on the ground. - Five people aboard a Japan coast guard aircraft died on January 2 when it hit a Japan Airlines passenger plane on the ground in a fiery collision at Tokyo's Haneda airport. (Photo by Richard A. Brooks / AFP)

တိုကျို၊ဇန်နဝါရီ ၃

ဇန်နဝါရီလ ၂ ရက်နေ့က ဂျပန်ခရီးသည်တင်လေယာဉ်နှင့် ကမ်းရိုးတန်းစောင့်လေယာဉ်တို့ ဟာနေဒါ လေဆိပ်၌ မတော်တဆ တိုက်မိရာ ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်ပါလာသည့် ခြောက်ဦးအနက် ငါးဦး‌ေ-သဆုံးသွားကြောင်းသိရသည်။

ဂျပန်လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်ပေါ်၌ ခရီးသည်စုစုပေါင်း ၁၇၉ ဦးပါဝင်ကာ အမှုထမ်း ၁၂ ဦးပါဝင်သည်ဟုသိရသည်။

ခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည်သုံးရာကျော်နှင့် အမှုထမ်း ၁၂ ဦးတို့အား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သော်လည်း လေယာဉ်၌လောင်ကျွမ်းနေသည့်မီးကိုမူ ခဲရာခဲဆစ်ငြှိမ်းသ-တ်ခဲ့ရပြီး ခြောက်နာရီကြာသည်အထိ ငြှိမ်းသ-တ်ခဲ့ရသည်ဟုသိရသည်။

ခရီးသည်များအနက် ၁၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ပြီး ၎င်းတို့သည် စိုးရိမ်စရာအခြေနေမရှိကြောင်းလည်းအာဏာပိုင်များကပြောကြားခဲ့သည်။

ကမ်းရိုးတန်းစောင့်လေယာဉ်၌မူ စုစုပေါင်း ခြောက်ဦးပါဝင်သည့်အနက် ငါးဦး‌ေ-သဆုံးကာ အရာရှိတစ်ဦး လွတ်မြောက်ခဲ့သော်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ကမ်းရိုးတန်းစောင့်လေယာဉ်သည် ငလျင်လှုပ်ခဲ့သည့်ဒေသများသို့ အထောက်အကူပြုပစ္စည်းများပို့ဆောင်ရန်အတွက် နီဂါတာဒေသသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်းလည်းတာဝန်ရှိသူများကဆိုသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here