မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၇၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
189

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၂၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဒီဇင်ဘာ (၃၁) ရက် ည (၇) နာရီခွဲခန့်အချိန်က နယ်မြေကင်းလှည့်ရာမှ မြိတ်မြို့နယ်၊ ကုန်းဖောက်ရပ်ကွက်တွင် ထိုက်ထိုက်(ခ)ထိုက်ငယ်နှင့် အာကာစိုး(ခ)ဖိုးတုန်းတို့အား ဘေးတွဲမော်တော်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့သို့ စစ်ဆေးရာတွင် ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၂၇၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သဖြင့် ထိုက်ထိုက်(ခ)ထိုက်ငယ် (၃၃)နှစ်နှင့် အာကာစိုး(ခ)ဖိုးတုန်း(၂၈)နှစ်တို့အား မြိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here