တိုကျို၊ဇန်နဝါရီ ၃
ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ေ-သဆုံးသူ ၆၀ ကျော်အထိမြင့်တက်လာကာ အများစုသည် အပျက်အစီးများအောက်ပိတ်မိနေကြသည်ဟုလည်းသိရသည်။
ကျိုဒိုသတင်းဌာန၏ဖော်ပြချက်အရ ယခုအထိလူပေါင်း ၆၄ ဦးေ-သဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။
ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကမူ ယခုအချိန်သည် ပြည်သူများ၏အသက်ကိုကယ်ဆယ်ရန် အချိန်လုကာ လုပ်ဆောင်ရမည့်အချိန်လည်းဖြစ်သည်ဟုပြောကြားခဲ့သည်။
ငလျင်ဘေးသင့်ဒေသများရှိ ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားကြောင်းသိရသည်။အချို့ဒေသများ၌ ငလျင်ဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကုန်သဖြင့် အရေးပေါ်အကူအညီများအတွက် ရဟတ်ယာဉ်များအသုံးပြုကူညီပေးနေသည်ဟုလည်းဆိုသည်။
ဂျပန်၌ ပြီးခဲ့သည့်ဇန်နဝါရီ (၁) ရက် (တနင်္လာနေ့) က အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်ငယ်များဆက်လှုပ်နေကာ ေ-သဆုံးသူ ၆၄ ဦးအထိရှိခဲ့ပြီဖြစ်သည်။
Source : Anadolu Agency