ငွေဆောင်မဟုတ်တဲ့ ငွေတောင်ကမ်းခြေကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများစိတ်ဝင်စားနေ

0
192

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ဒီဇင်ဘာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄၂၅၅ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အဆိုပါ ငွေတောင်ကမ်းခြေသို့ ပြည်တွင်း၊ပြည်ပခရီးသွား ၃ဝ၅၅၄ ဦးလာရောက်လည်ပတ်ခဲ့ပြီး ဒီဇင်ဘာ (၁) ရက်မှ (၃၁ )ရက်ထိ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄၂၅၅ ဦး လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ငွေတောင်ကမ်းခြေကို ပြည်တွင်း၊ ပြည်ပခရီးသွား ၃၄၂၅၅ ယောက် လာရောက်လည်ပတ်ခဲ့ပါတယ်။ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ခရီးသွားဧည့်သည်လာရောက်မှု များပြားနေပါတယ်။ တစ်လအတွင်း ရန်ကုန်နဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအတွင်းက ပြည်တွင်းခရီးသွားတွေများခဲ့ပါတယ်။ လက်ရှိလဲ လာရောက်လည်ပတ်တဲ့သူတွေ များနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာတော့ မိသားစုလိုက်လာတဲ့ ခရီးသွားဧည့် သည်တွေများပါတယ်”ဟု ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်း တာဝန်ခံ ဒေါ်နီနီမာက ပြောသည်။

ငွေတောင်ကမ်းခြေကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လာရောက်လည်ပတ် အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ခရစ္စမတ်ပိတ်ရက်၊ ဒီဇင်ဘာပိတ်ရက် စသည့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ကာလများတွင် အများဆုံးလာရောက်ခဲ့ကြောင်း သိရသည်။

“လာမဲ့နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အခုထက် ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟုလည်း ဒေါ်နီနီမာက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here