နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ (၁၁၄) ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေး

0
210

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄) ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နစက က ယနေ့ ဇန်နဝါရီလ (၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ (၁၁၄) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ – ယခင်ပုံအ‌ဟောင်းဖြစ်သည်


LEAVE A REPLY

Please enter your comment!
Please enter your name here