ထိုင်းနိုင်ငံတွင် အကြီးစားသင်္ဘောဖြင့် ပင်လယ်ထဲငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော မြန်မာ (၁) ဦး ပိုက်ကွန်ကြို-းနှင့် ရ-စ်ပ-တ်မိ၍ အသက်ဆုံးရှုံး

0
131

ထိုင်းနိုင်ငံ တရတ်ခရိုင် ခလောက်ယိုင်မြို့နယ် ဟတ်လေတ်ရပ် ကန်ပါဟာဆိပ်ကမ်းတွင် ဇန်နဝါရီ (၃)ရက်က အကြီးစားသင်္ဘောဖြင့် ပင်လယ်ထဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော မြန်မာ (၁) ဦး ပိုက်ကွန်ကြို-းနှင့် ရ-စ်ပ-တ်မိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

ဖြစ်စဉ်မှာ စမွတ်စခေါင်ခရိုင်အခြေစိုက် တန်ချိန် ၆၀ ရှိ ငါးဖမ်းစက်လှေတွင် ထိုင်းနိုင်ငံ ပိုင်နက် ပင်လယ်ကွေ့အတွင်း ငါးဖမ်းနေစဉ် ပိုက်ကွန်ကြိုးမှ လည်ပင်းနှင့် ခြေလက်များကို မတော်တဆရ-စ်ပ-တ်မိရာမှ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းစက်လှေမှာ အလုပ်သမားပေါင်း (၃၀) ဦး အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ‌ေ-သဆုံးသူမှာ အသက် ၄၂ နှစ်အရွယ်ရှိ ကိုအောင်မိုးဆိုသူ မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် တရတ်ခရိုင်ကယ်ဆယ်ကူညီရေး အသင်းနှင့် ခလောင်ယိုင်ရဲတပ်ဖွဲ့တို့က လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ‌ေ-သဆုံးသူ ရုပ်အလေ-ာင်းကို တရတ်ခရိုင်ဆိပ်ကမ်းသို့လာရောက်လွှဲအပ်ပေးလိုက်ကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here