ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ISUZU ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ (၃)ဦး ‌ေ-သဆုံး

0
389

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၈၆/၆)နှင့် (၂၈၆/၇)အကြားတွင် ISUZU အစိမ်းရောင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ သံဃာ(၁)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၄)ရက် နံနက် (၇)နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆)နှင့် (၂၈၆/၇)အကြား ISUZU ယာဉ်တစ်စီးမှာ ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု သတင်းအရ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ သံဃာ(၂)ပါး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၅)ဦးအနက် သံဃာ(၁)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here