အီရန်ဗိုလ်ချုပ် ဆူလိုင်မာနီ အုတ်ဂူမှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနား ဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၁၀၀ နီးပါး ‌ေ-သဆုံး

0
203

၂၀၂၀ ခုနှစ်က အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုမှာ ‌ေ-သဆုံးခဲ့တဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆူလိုင်မာနီ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုမှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူ ၁၀၀ နီးပါး‌ေ-သဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ အီရန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

ဆူလိုင်မာနီရုပ်အလေ-ာင်းမြုပ်နှံထားရာ နိုင်ငံတောင်ပိုင်း ကာမန်မြို့က အုတ်ဂူမှာ ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ ၃) က ၎င်း ‌ေ-သဆုံးရမှု လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပရာလူအုပ်အတွင်း ပထမဗုံးပေါက်ကွဲအပြီး မိနစ် ၂၀ အကြာမှာ ဒုတိယမြောက်ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်ပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမျှ ဝန်ခံထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဝါရှင်တန်ရှိ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ဒီဖောက်ခွဲတိုက်ခိုက်မှု ပုံစံမျိုးဟာ ယခင်က အိုင်အက်စ် စစ်သွေးကြွအဖွဲ့လုပ်ဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေနဲ့ပုံစံတူကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ဒီတိုက်ခိုက်မှုကို သူရဲဘောကြောင်ပြီး လူမဆန်တဲ့ ရာဇဝတ်မှုအဖြစ် ရှုတ်ချခဲ့သလို လူအမြောက်အများ ‌ေ-သဆုံးရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် လက်စားချေသွားမယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီက ကတိပြုခဲ့ပါတယ်။

“ရက်စက်တဲ့ ရာဇဝတ်ကောင်တွေအနေနဲ့ အခုချိန်ကစပြီး ပြင်းပြင်းထန်ထန် အရေးယူခံရမယ်ဆိုတာ သိထားရပါမယ်၊ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ဖြစ်လာမှာ သေချာပါတယ်” ထုတ်ပြန်ချက်မှာ ခါမေနီက ပြောဆိုကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသွားပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှား၊ တူရကီအပါအဝင် နိုင်ငံများစွာက ရှုတ်ချခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံကြဖို့ တောင်းဆိုခဲ့ပါတယ်။

‌ေ-သဆုံးသူဦးရေ ၉၅ ဦးရှိခဲ့ကာ ဒဏ်ရာရသူ ၂၁၁ ဦး ရှိခဲ့တယ်လို့ အီရန် ကျန်းမာရေးဝန်ကြီး ဘာ့ချ်ရန် အိုင်နိုလာဟီက နိုင်ငံပိုင်ရုပ်သံကို ပြောဆိုပါတယ်။ အိုင်အက်စ် အုပ်စု အပါအဝင် အမျိုးမျိုးသော အုပ်စုများစွာရဲ့ အလားတူ တိုက်ခိုက်မှုမျိုးတွေ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးတဲ့ အီရန်နိုင်ငံမှာ ဒီတိုက်ခိုက်မှုဟာ သမိုင်းတလျှောက် လူအ‌ေ-သအပျာက်အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here