တရုတ်ပြည်နယ်အများစု၌ မြူများထူထပ်စွာကျနိုင်ကြောင်းသတိပေးထား၊ ရှန်ဟိုင်းလေကြောင်းခရီးစဉ်များဒါဇင်နှင့်ချီ၍ နှောင့်နှေး

0
147

ပေကျင်း၊ဇန်နဝါရီ ၄

ဇန်နဝါရီလ ၄ ရက်၊ကြာသပတေးနေ့တွင် တရုတ်နိုင်ငံရှိပြည်နယ်အများစု၌ မြူများထူထပ်စွာကျဆင်းနိုင်သောကြောင့် မြင်နိုင်စွမ်းများလျော့ကျကာ အန္တရာယ်ရှိနိုင်ခြေများသည့်အတွက် အဝေးပြေးလမ်းများပိတ်ကာ ရှန်ဟိုင်းမြို့မှလေယာဉ်ခရီးစဉ်များလည်း နှောင့်နှေးခဲ့ပြီး မိုးလေဝသခန့်မှန်းချက်နှင့်သတိပေးချက်အများအပြားထုတ်ပြန်ခဲ့သည်ဟုသိရသည်။

ဗဟိုမိုးလေဝသစောင့်ကြည့်ရေးဌာနသည် နံနက် ၇ နာရီ ၄၅ မိနစ်အထိ မြူများထူထပ်စွာကျဆင်းနိုင်ကြောင်းသတိပေးထားပြီး မြူကျဆင်းမှုအခြေအနေနှင့်ပတ်သက်၍ လိမ္မော်ရောင်နှင့်အဝါရောင်အဆင့်သတိပေးချက်များထုတ်ပြန်ထားသည်ဟုလည်းသိရသည်။

Anhui ဒေသ၌မူ မြူများပိုမိုထူထပ်စွာကျဆင်းနိုင်သဖြင့် အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားရပြီး အဝေးပြေးလမ်းအများအပြားကိုယာယီပိတ်ထားရသည်ဟု နိုင်ငံပိုင်မီဒီယာ စီစီတီဗွီ၌ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ၌ မြူထူထပ်စွာကျဆင်းမှုနှင့်ပတ်သက်၍ အဆင့်သုံးဆင့် အရောင်သုံးရောင်ဖြင့်သတ်မှတ်လေ့ရှိပြီး အနီရောင်သည် အပြင်းဆုံးအဆင့်ဖြစ်ကာ ယင်းနောက်တွင်မှ လိမ္မော်နှင့်အဝါဟူ၍ သတ်မှတ်လေ့ရှိသည်။

မြူကျဆင်းမှုအခြေအနေများကြောင့် အဝေးပြေးလမ်းများသာမက ရှန်ဟိုင်းမှထွက်ခွာမည့် လေကြောင်းခရီးစဉ်များကိုလည်းရွှေ့ဆိုင်းခဲ့ကြရကြောင်းသိရသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here