ကျိုက်ထီးရိုးဘုရားဖူးများ ပြန်လည်များလာခြင်းကြောင့်စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် အထမ်းသမားများ အထိုက်အလျောက်အဆင်ပြေလာ

0
268

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါး ဝင်ရောက်လည်ပတ်မှုရှိခဲ့ရာ ပြည်ပခရီးသွား တစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းဘုရားဖူး ၂၈၄၀၇၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၂၁၄ ဦး၊ စုစုပေါင်း ခရီးသွား ၂၉၄၂၉၃ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာလအတွင်းမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေများတော့ ဘုရားဖူးအတော်များများလာကြတယ်။ အဲဒီ့အပြင် ဇန်နဝါရီ (၁) ရက် မှာလည်း ဆီမီး ၉၀၀၀ ပူဇော်ပွဲပြုလုပ်တော့ ဘုရားဖူးတွေမပြတ်ဘူး”ဟု စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူကပြောသည်။

ဒီဇင်ဘာလအတွင်းက ကျိုက်ထီးရိုးစေတီတော်ကို  ပြည်တွင်းဘုရားဖူး ၆၄၁၀၅ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၂၈၄ ဦး၊ စုစုပေါင်း ၆၅၃၈၉ ဦး လာရောက်ခဲ့ပြီး ကိုဗစ်ဖြစ်ပွားမှုစတင်ခဲ့သည့် ကာလနောက်ပိုင်း စံချိန်တင်ခရီးသွားဝင်ရောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်ကာလနောက်ပိုင်းမှာ အများဆုံးလာရောက်ကြတာလို့ ဆိုလို့ရပါတယ်”ဟု စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ကျိုက်ထီးရိုးဒေသအတွင်း ဘုရားဖူးများ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းကြောင့် စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများ အထိုက်အလျောက်အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here